။ လူသားဒိုင်းအဖြစ် အသက်စွန့်သွားခဲ့တဲ့ ဆရာမ ဂါစီယာ ။

။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့ကို အမြဲတမ်းလိုလို ဖြတ်ကျော်ပြီးသွားရတဲ့မြို့တစ်မြို့ပေါ့။ ဒီမြို့လေးကိုရောက်ရင် စိတ်ထဲက သတိရစရာတွေရှိနေသလိုလိုပါပဲ။ ဘာတွေသတိကိုရနေသလဲတော့ မပြောတတ်ပါ။ ဒီမြို့ကိုကျော်ပြီးလို့ တောင်မို့မို့လေးတစ်ခုပေါ်မှာ နားပြုရတဲ့နေရာရောက်ပါတယ်။ နားပြုတဲ့နေရာရောက်ရင် ပတ်ဝန်းကျင်လေးဖက်လေးတန်ကိုကြည့်လိုက်ရရင်ပဲ အတော်လေးကိုပျော်စရာပါ။ လူတွေက တက္ကဆက်ပြည်နယ်ကို မသွားလိုကြဘူးလေ။ အရမ်းပူအရမ်းခရီးကြမ်းတယ်ဆိုပြီးပြောကြတာပေါ့။ ။ ပထမဦးဆုံးသွားခဲ့တဲ့နှစ်တုန်းက ဒီနေရာလေးမှာထိုင်နားခဲ့သလိုပဲ ဒုတိယအကြိမ်လည်း ဒီနေရာကို အမှတ်ရရနဲ့နားခဲ့ပါသေးတယ်။ လေညင်းကအမြဲလိုလိုတိုက်နေတော့ ရင်ထဲအေးမြမြပါပဲ။ အမာရီလိုမြို့ကိုမရောက်သေးပေမယ့် တစ်ထောက်နားရတဲ့အရသာဟာ မေ့မရနိုင်တဲ့နေရာလေးပါပဲ။ ခုချိန်မှာ ပိုပြီးတော့ သတိရပေါ့။ ။ မနေ့က သတင်းတစ်ခုကြားရလို့ စိတ်ထဲမှာ အတော်လေးမကောင်းမိပါ။ အခြားတော့မဟုတ်ပါဘူး။ယူဗယ်ဒီမြို့၊ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံရချိန်မှာ ဆရာမ အာမာဂါစီယာတစ်ယောက် အတန်းထဲမှာရှိကြတဲ့ ကျောင်းသားသူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး သူရဲကောင်းဆန်ဆန် အသက်စွန့်သွားခဲ့တဲ့သတင်းကို ကြားခဲ့ရလို့ပါ။ ။ ဆရာမအာမာဂါစီယာဟာ အသက် ၄၆ … Continue reading ။ လူသားဒိုင်းအဖြစ် အသက်စွန့်သွားခဲ့တဲ့ ဆရာမ ဂါစီယာ ။